Cherreads

နတ်ဘုရားမျက်လုံး_ရှလေ

TaiVenus
--
chs / week
--
NOT RATINGS
11.6k
Views
VIEW MORE

Chapter 1 - အပိုင်း(၁) မမျှော်လင့်သောဘေးဆိုး

" လာကြပါဦး "

" ရှလေ ရဲ့မျက်လုံး လျှပ်ကူးချောင်းနဲ့ ထိမိသွားပြီ...တစ်ယောက်ယောက် ကူညီကြပါဦး "

ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ လူအများအပြေးအလွှားနှင့် ယောက်ယက်ခတ်နေကြပြီး အချို့က သူတို့၏ဖုန်းများကို ထုတ်ကာ လူနာတင်ကားကို ခေါ်နေကြသည်။

လုပ်ငန်းခွင်၏ ဂဟေဆော်သည့်နေရာတွင် ရှလေ လဲကျနေပြီး သူ၏ ဘယ်ဘက်မျက်လုံးမှာ အနက်ပေါက်ကြီး‌ ဖြစ်နေသည်။ အသားညှော်နံ့မှာ လေထဲတွင် ပျံ့လွင့်နေ၏။ သူ၏ မျက်နှာပေါ်တွင် သွေးများပေကျံနေကာ ထိတ်လန့်ကြောက်ရွံ့စရာ ကောင်းနေသည်။

" ကျွတ်...ကျွတ်... သူ့လို ကျန်းမာတဲ့လူငယ်တစ်ယောက်....ဒီလို လူငယ်တစ်ယောက်ရဲ့ မျက်လုံးက ပျက်စီးသွားပြီ "

လူအချို့ သက်ပြင်းချလိုက်ကြ၏။

" သူ့မှာ မကြာခင် တက္ကသိုလ်တက်တော့မယ့် ညီမတစ်ယောက်ရှိသေးတယ်...အခု သူ မျက်လုံးကန်းသွားပြီဆိုတော့ သူ့ညီမက ဘယ်လိုလုပ် တက္ကသိုလ်တက်နိုင်တော့မှာလဲ"

" ရှလေက အလုပ်ကြိုးစားပြီး ပေါင်းသင်းဆက်ဆံရေးလည်းကောင်းတဲ့ လူတော်တစ်ယောက်ပါ။ သူ့ကျမှ ဘာလို့ ဒီလို အဖြစ်ဆိုးကြီး ကြုံရတာလဲ။ ကောင်းကင်က တရားမျှတမှုမရှိဘူး "

လူများစွာတို့သည် ရှလေ၏ ကံဆိုးမှုအတွက် စိတ်မကောင်းဖြစ်စွာ ညည်းညူပြောဆိုရင်း သက်ပြင်းရှည်များ ချလိုက်ကြသည်။

ရှလေ၏ မိခင်သည် သူ ငယ်စဉ်ကလေးဘဝကတည်းက နာဖျားရောဂါကြောင့် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။ သူ၏ ဖခင်မှာလည်း လွန်ခဲ့သော ငါးနှစ်က ပျောက်သွားခဲ့သည်။ ထိုနှစ်က ရှလေသည် ကျင်ထူတက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း သူသည် သူ၏ ညီမရှရွှယ်ကို စဉ်းစားမိသောအခါ လက်ခံစာကို မျက်ရည်စများဖြင့် အပိုင်းပိုင်း ဆုတ်ဖြဲပစ်သည်။ သူ့ညီမက သူ့အား ထိုအကြောင်း မေးသည့်အခါက သူ၏ အမှတ်မကောင်းသောကြောင့် ကျရှုံးခဲ့သည်ဟု လိမ်ပြောခဲ့သည်။ ထို့နောက် ရှလေသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ သူ့ကို ကမ်းလှမ်းထားသော ဝင်‌ငွေရရှိသည့် မည်သည့်အလုပ်ကိုမဆို ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ယခု သူ၏ညီမ ရှရွှယ်သည် ကျင်းသူတက္ကသိုလ်ကို တက်ရောက်ခွင့်ရခဲ့ပြီ ဖြစ်သော်လည်း သူသည် ကံမကောင်းစွာပင် မတော်တဆမှုနှင့် ကြုံကြိုက်လာခဲ့ရပြီ ဖြစ်သည်။

ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြင်းထန်သောနာကျင်မှုများကြောင့် ရှလေ နည်းနည်းလေးမျှပင် မလှုပ်နိုင်တော့ပေ။ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါနေပြီး အမြင်အာရုံမှာလည်း လုံးလုံး အမှောင်ဖုံးသွားခဲ့ကာ သတိလစ်သွားခဲ့သည်။

တစ်စုံတစ်ယောက်က သူ့အား အော်ခေါ်နေသော်လည်း သူသည် ဘာကိုမှ မကြားရတော့ပါ။ သူသည် မှောင်မိုက်မှုထဲတွင် စီးမျောနေပြီး ငရဲထိတိုင် တဖြည်းဖြည်း နိမ့်ဆင်းနေသည်ဟု စိတ်ထဲ၌ ခံစားနေရသည်။

သတိလစ်နေသည့်အချိန် အတောအတွင်း၌ အချိန်မည်မျှထိ ကုန်ဆုံးသွားခဲ့သည် သူမသိ။

အတန်ကြာပြီးကာမှ သူ၏မျက်လုံး ပြန်ပွင့်လာခဲ့သည်။ သူသည် အလင်း‌ရောင်တစ်ချို့ကို မြင်တွေ့လိုက်ပြီးနောက် တစ်ဆက်တည်းတွင် သူငယ်ချင်းဖြစ်သူ မာရှောင်အန်း၏ မျက်နှာမို့မို့ကို တွေ့လိုက်ရသည်။ ထိုသို့မြင်နေရသည်မှာ သူ၏ ညာဘက်မျက်လုံးတစ်ဖက်တည်းဖြင့်သာ ဖြစ်သည်။

"လေ၊ မင်းသတိရပြီလား"

မာရှောင်အန်း၏ အသံသည် အနည်းငယ်တုန်ခါနေပြီး သူ၏ စိတ်ခံစားမှုများ ထင်ဟပ်နေသည်။

"ငါ၊ ဒါက ဘယ်နေရာလဲ"

ရှလေသည် ထိုသို့ပြောရင်း တစ်ခုခုကို သတိထားမိသွားသည်။ ဘယ်ဘက်မျက်လုံးကို သူ၏ လက်ဖြင့်ထိကြည့်လိုက်သည်။ သူ၏ မျက်လုံးကို ပတ်တီးများဖြင့် စည်းနှောင်ထားပြီး ထိတွေ့မှုကြောင့် ပူလောင်သည့် နာကျင်မှုဒဏ်ကို ခံစားလိုက်ရသည်။

မာရှောင်အန်းသည် ရှလေ၏ လက်ကို ဖမ်းဆုပ်လိုက်သည်။

"စိတ်မပူပါနဲ့...ဆရာဝန်က ပြောတယ်...မင်းရဲ့ ဘယ်ဘက်မျက်လုံးက အချိန်ကျရင် ပြန်ကောင်းလာလိမ့်မယ်တဲ့"

"ပြန်ကောင်းလာမယ်၊ ပြန်ကောင်းလာမယ်ဆိုတာ ဘာကိုပြောတာလဲ"

ရှလေ၏ စိတ်ထဲတွင် စိုးထိတ်လာပြီး ဂနာမငြိမ် ဖြစ်လာသည်။

မာရှောင်အန်း တိတ်ဆိတ်သွားသည်။ သူသည် တစ်ခုခု သိထားသော်လည်း ပြောဖို့ရာ တွန့်ဆုတ်နေခဲ့သည်။

"ပြောပါ"

ရှလေ စိုးရိမ်ပူပန်မှုသည် ပို၍ ကြီးထွားလာခဲ့သည်။

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက် လူနာခန်းထဲသို့ ဝင်လာခဲ့သည်။ သူသည် ဒီဇိုင်နာချုပ် သီးသန့်ဝတ်စုံကို ဝတ်ဆင်ထားကာ ကိုယ်၌လည်း တန်ဖိုးကြီးသောအသုံးအဆောင်များ အပြည့်ဆင်ယင်ထားသည်။ ထိုသူမှာ ဆောက်လုပ်ရေးကုမ္ပဏီသူဌေး 'ချန်ချွမ်းဟူ'သာလျှင် ဖြစ်သည်။

မာရှောင်အန်း သည် ချန်ချွမ်းဟူ ဝင်ရောက်လာသည်ကို မြင်သောအခါ နေရာဖယ်‌ပေးလိုက်သည်။

ရှလေသည် အိပ်ယာထဲမှ ရုန်း၍ ထထိုင်လိုက်ပြီး နှုတ်ဆက် ပြောဆိုလိုက်သည်။

"သူဌေးချန်၊ ဘာကြောင့်..."

သူ၏စကား မဆုံးမီမှာပင် ချန်ချွမ်းဟူက

"ရှလေ...မင်းဘယ်လိုလုပ်လိုက်တာလဲ။ လျှပ်စစ်ဂဟေစက်တစ်ခုလုံးကို ဖျက်ဆီးတာတောင် အားမရသေးလို့ နောက်ထပ် ထရန်စဖော်မာကိုပါ ဖျက်စီးသွားတာလား။ လျှပ်စစ်ဂဟေစက်နဲ့ ထရန်စဖော်မာက ဘယ်လောက်တန်လဲဆိုတာ မင်းသိလား။ အခုဆို ဒီစီမံကိန်းက နှောင့်နှေးသွားပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိလဲ"

ရှလေ စိတ်ပျက်ဒေါသထွက်သွားသည်။ ချန်ချွမ်းဟူသည် သူ့ဆီ လူနာလာကြည့်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့‌သော် ဤ‌‌ခွေးဝဲစားသည် လျော်ကြေးတောင်းရန်အတွက် လာရောက်ခြင်း ဖြစ်နေသည်။

မာရှောင်အန်းသည် ဆက်၍သည်းမခံနိုင်တော့ပဲ စကားကုန် ပြောထွက်လာခဲ့သည်။

"သူ‌ဌေးချန၊ ခင်ဗျား ဘာစကားပြောလိုက်တာလဲ။ ကျွန်တော့်သူငယ်ချင်းရဲ့ မျက်လုံးက ကိုးဆယ်ရာခိုင်နှုန်းလောက် ပြန်မမြင်ရဖို့သေချာနေတာ။ ဒါကို ခင်ဗျားမို့လို့ ‌ဒီလိုပြောထွက်တယ်။ ခင်ဗျားမှာ စာနာစိတ်ဆိုတာ မရှိဘူးလား"

ရှလေသည် မာရှောင်အန်း၏စကားကြောင့် ကိုယ်‌ပေါ်ကို ရထားတစ်စီးလုံး တက်ကြိတ်သွားသလို ခံစားလိုက်ရသည်။

မာရှောင်အန်း သတိပြန်ဝင်လာခဲ့‌သော်လည်း နှုတ်လွန်သွားခဲ့လေပြီ ဖြစ်သည်။ ရှလေအား မည်သို့နှစ်သိမ့်ပေးရမှန်းမသိအောင် ကြောင်ပျောက်လေတော့သည်။

ချန်ချွမ်းဟူသည် အေးတိအေးစက်ဖြင့် ရယ်မောလိုက်ပြီး

"သူ့ရဲ့ မျက်လုံးမမြင်ရတာက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါတို့ လုပ်ငန်းစာချုပ်ထဲမှာ အဲ့ဒါပါလို့လား။ မကျေနပ်ရင် ငါ့ကို တရားစွဲဖို့ ကြိုးစားကြည့်ပေါ့။ မင်းတို့လောက်တော့ ဂရုမစိုက်စရာ မရှိဘူး"

ရှလေ၏မျက်နှာ အရောင်ပြောင်းသွားပြီး ဒေါသများ ထောင်းထောင်းထလာခဲ့သည်။ အံကို တင်းတင်းကြိတ်၍ထားသည်။

ချန်ချွမ်းဟူသည် မီးလောင်ပြင်ကို ဆီထပ်လောင်းသည့်စကား ဆိုလာပြန်သည်။

"မင်းက အရမ်းသနားစရာကောင်းနေလို့သာ မင်းကိုဆေးရုံ ပို့ခိုင်းလိုက်တာ။ ငါ ကုသစရိတ်တစ်သောင်းလည်း ပေးထားပြီးပြီ။ ပြောချင်တာက အဲ့ဒီတစ်သောင်းက လျော်ကြေးပဲ။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို ထပ်ဇယားလာမဆွဲနဲ့"

"မိမစစ် ဖမစစ်ကောင်"

မာရှောင်အန်းက ဒေါသကြီးစွာဖြင့် ပြောလိုက်သည်။

"မျက်လုံးတစ်ဖက် မမြင်ရတော့တာကို မင်းက ယွမ်တစ်သောင်းတည်းနဲ့ ဈေးဖြတ်နေတာလား"

ချန်ချွမ်းဟူသည် မာရှောင်အန်းကို လက်ညှိုးထိုးကာ

"ဒီကိစ္စက မင်းနဲ့ မဆိုင်ဘူး။ မင်းကပါ ပြဿနာရှာနေမယ်ဆိုရင် ငါကလည်း မင်းကိုပါ ဒုက္ခပေးမိလိမ့်မယ်။ ငါ ချန်ချွမ်းဟူက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းသိလား။ မင်း ငါ့ကို ထော်လော်ကန့်လန့် ဆက်လုပ်နေမယ်ဆိုရင် မင်းကို တစ်စစီ လုပ်ပစ်မယ်"

ထိုအချိန်တွင် ရှလေသည် ရုတ်တရက် သူ၏ နံဘေးတွင်ရှိနေသည့် စားပွဲပေါ်မှ ရေခွက်ကို လှမ်းယူလိုက်ပြီး ချန်ချွမ်းဟူကို ပစ်ပေါက်လိုက်သည်။

ချန်ချွမ်းဟူသည် မိုးချုန်းသံကြားလိုက်ရသကဲ့သို့ တုန်ရီသွားသည်။ သူ ရှောင်တိမ်းရန် အချိန်မရခဲ့ပေ။ ခေါင်းတွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာပြီး သွေးများ စီးကျလာသည်။ သူ၏မျက်နှာထားမှာ ချက်ချင်းပင် တင်းမာခက်ထန်သွားသည်။

"ခွေးမသား...မင်းက ငါ့ကို ပစ်ပေါက်ရဲတယ်"

ချန်ချွမ်းဟူ အလွန်ဒေါသထွက်သွားသည်။

အရပ်ရှည်ရှည်နှင့် မပိန်မဝ လူနှစ်ယောက်သည် အထဲသို့ ပြေးဝင်လာခဲ့သည်။ ထိုလူနှစ်ယောက်၏ကိုယ်တွင် တက်တူးများ၊ နားတွင် နားပေါက်များ ကိုယ်စီ ရှိကြသည်။ ၎င်းတို့၏ မျက်လုံးများထဲ၌မူ ရန်လိုသောအကြည့်များ ရှိနေခဲ့သည်။ သူတို့အား လူကောင်းများမဟုတ်ကြောင်း တစ်ချက်ကြည့်ရုံမျှဖြင့် သိနိုင်သည်။

"ဒီကောင့်ကို ရိုက်စမ်း"

ချန်ချွမ်းဟူသည် လူနာကုတင်ပေါ်တွင် လှဲနေသော ရှလေအား လက်ညှိုးထိုးကာ အော်ပြောလိုက်သည်။

ထိုလူငယ်နှစ်ယောက် ခိုင်းသည့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။

မာရှောင်အန်းသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး ရှလေအား သူ၏ ခန္ဓာကိုယ်ဖြင့်ခံကာ ကာကွယ်ပေးလိုက်သည်။ ထိုလူငယ်နှစ်ယောက်၏ ရိုက်နှက်ချက်များသည် မာရှောင်အန်း၏ ခေါင်းနှင့် ပုခုံးများပေါ်သို့ ပြင်းထန်စွာ သက်ရောက်ပြီး နာကျင်မှုဒဏ်များကို ခံစားလိုက်ရသည်။ သူသည် ရှလေကို ကာကွယ်ပေးနေစဉ်၌ အခြားမည်သည့်အရာကိုမှ မစဉ်းစားနိုင်တော့ဘဲ ရိုက်နှက်မှုများ ရပ်တန့်သွားမည့်အချိန်ကိုသာ အားတင်းကာ စောင့်လင့်နေမိခဲ့သည်။

"ရှင်တို့ ဘာလုပ်နေကြတာလဲ"

ဆေးတွန်းလှည်းကို တွန်းလာသော သူနာပြုတစ်ယောက်သည် တံခါးဝသို့ ရောက်ရှိလာသည်။ မြင်ကွင်းကြောင့် သူမ အနည်းငယ် ထိတ်လန့်သွားပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။

"လာကြပါဦး...ဒီမှာ ရန်ဖြစ်နေကြတယ်"

သူနာပြု‌သည် ပြေးထွက်သွားကာ လုံခြုံရေးကို ခေါ်လိုက်သည်။

"မင်း စောင့်နေလိုက်...ခွေးမသား"

ချန်ချွမ်းဟူသည် ထိုသို့ ‌ခြိမ်း‌ခြောက် ပြောဆိုပြီးနောက် လူငယ်နှစ်ယောက်နှင့်အတူ လူနာခန်းထဲမှ ပြန်ထွက်သွားသည်။

သို့မှသာ မာရှောင်အန်းသည် ရှလေပေါ်မှ ပြန်ထလိုက်သည်။ သူ၏ဦးခေါင်း၌ ဖူးယောင်ဒဏ်ရာတစ်ခု ဖြစ်လာပြီး မျက်နှာပေါ်တွင် နာကျင်သည့် အရိပ်အယောင်များ ဖြစ်ပေါ်နေသည်။

"ဘာလို့ငါ့ကို တားထားရတာလဲ"

ရှလေသည် စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် ဒေါသများ တလိပ်လိပ်တက်လာပြီး

"ငါ သူ့ကို သတ်ချင်တယ်"

သူ အော်လိုက်သည်။

"သူ့ကို သတ်မယ်၊ ဟုတ်လား။ သူက တကယ့် လူဆိုးကောင်နော်။ တစ်ဖက်မှာ မင်းက မင်းရဲ့ညီမကို စောင့်ရှောက်ရဦးမယ်။ သူ့မှာက သူလိုချင်တဲ့ အသောက်အစားနဲ့နဲ့ အပျာ်အပါးပါတီ‌တွေပဲရှိတာ။ ဒါပေမဲ့လည်း မင်းမှာဝောာ့ ကောင်းတဲ့နေ့ရက်တွေ ရှိလာနိုင်သေးတယ် မဟုတ်လား။ သူ့ကို တစ်ခုခုပြန်လုပ်ဖို့ကို မင်းရဲ့ အနာဂါတ်နဲ့ ရင်းဖို့ ထိုက်တန်လို့လား"

မာရှောင်အန်း သက်ပြင်းချလိုက်သည်။

"‌လေ၊ စိတ်အေးအေးထားပါ"

ရှလေသည် စိတ်လိုက်မာန်ပါလုပ်တတ်သော( သို့မဟုတ်) မဆင်မခြင်ပြုတတ်သော လူတစ်ယောက်မဟုတ်ပါ။ သူ၏ မိဘများ မရှိတော့သည်ကပင် သူ့အား ကိုယ့်အားကိုယ်ကိုးကာ ရင့်ကျက်‌လာစေခဲ့သည်။ သို့သော် ယနေ့အဖြစ်အပျက်များသည် သူ့ကို အလွန်စိတ်ဓာတ်ကျစေခဲ့သည်။ သူသည် တစ်ဖက်ကန်းဖြစ်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာနေသည်ကို သိသည့်အခါ စိတ်များ ယိုင်နဲ့လာခဲ့သည်။

"ငါ့ကြောင့် အခုလို မင်း အလုပ်ခံရတာကို စိတ်မကောင်းပါဘူး၊ ရှောင်အန်း .... "

ရှလေသည် ပြောမည့်စကားကို အဆုံးမသတ်နိုင်ဘဲ ခေါင်းထဲ၌ အတွေးများ ရှုပ်ထွေးလာခဲ့သည်။

မာရှောင်အန်းသည် သူ၏လက်ကို ရှလေ၏ပခုံးပေါ်သို့ တင်လိုက်ပြီး

" ဒါတွေက မလိုပါဘူးကွာ၊ ငါတို့က သူငယ်ချင်းတွေပဲလေ။ မင်းဆိုလည်း ငါ့ကို အမြဲတမ်းကူညီပေးခဲ့တာပဲကို"

ယခင်အချိန်များတွင် မာရှောင်အန်း အနိုင်ကျင့်ခံရတိုင်း ရှလေက ကာကွယ်ပေးနေကြ ဖြစ်သည်။

"ငါ ရွှယ့်ကို ဒီအကြောင်း ပြောပြလိုက်ရမလား"

"မပြောနဲ့...မပြောနဲ့...သူမကို မပြောနဲ့"

ရှလေက စိုးရိမ်စွာဖြင့် ပြန်ပြောလိုက်သည်။

"အခု သူက ကျောင်းတက်ဖို့ကိစ္စ အားတက်သရော ပြင်ဆင်နေတာ။ ဒီအကြောင်းကို သူ သိသွားရင် အရမ်းစိတ်ပူနေလိမ့်မယ်"

"ဒါပေမယ့် အနှေးနဲ့ အမြန် သူ သိသွားမှာပဲလေ"

"အဲ့ဒီအချိန်ရောက်လာရင်..."

ရှလေ သူ၏နှုတ်ခမ်းကို ကိုက်လိုက်သည်။

"အဲ့ဒီအချိန်ကျရင် ငါ ပြောပြလိုက်မယ်"

ထိုအခိုက်အတန့်တွင် သူနာပြုသည် လုံခြုံရေးဝန်ထမ်းနှင့်အတူ လမ်းလျှောက်လာသည်။

သူနာပြုသည် မာရှောင်အန်း၏ ဦးခေါင်းဒဏ်ရာကို ကုသပေးနေစဉ်တွင် လုံခြုံရေးအစောင့်သည် ရှလေအား ‌စေနက အဖြစ်အပျက်နှင့်ပတ်သက်၍ မေးခွန်းအချို့ကို မေးမြန်းခဲ့သည်။ ထို့နောက် သူနာပြုနှင့် လုံခြုံရေးအစောင့်တို့ ထွက်ခွာသွားကြသည်။

ညအချိန်သို့ ရောက်သည်ထိ မာရှောင်အန်းသည် ရှလေ၏နဘေးတွင် ရှိနေပေးခဲ့သည်။ နောက်ဆုံး မာရှောင်အန်း ပြန်သွားခဲ့ပြီးနောက်တွင်လည်း ရှလေ အိပ်မပျော်နိုင်ခဲ့‌ပေ။ သူ၏ ခေါင်းထဲတွင် အတွေးများနှင့် ချာချာလည်နေသည်။ သူ၏ အတွေးများထဲတွင် ဆေးကုသစရိတ်၊ သူ၏အနာဂတ်၊ ညီမရှရွှယ်၏ ကျင်ထူတက္ကသိုလ်ကို တက်ရန် အိပ်မက်စသည့် အကြောင်းအရာတို့ကို စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင် ပင်ပန်းနွမ်းနယ်မှုများသည် သူ့အား အနိုင်ယူသွားပြီး မျက်လုံးများ မဖွင့်နိုင်တော့အောင် ဖြစ်လာခဲ့သည်။

ထို့နောက် အတန်ကြာသည်ထိ အိပ်ပျော်သွားခဲ့ပြီးသည့်နောက်တွင် ရှလေ၏ ဘယ်ဘက်မျက်လုံးမှာ မနေနိုင်အောင် ယားယံလာခဲ့သည်။ ထို့ကြောင့်ပင် သူနိုးလာခဲ့သည်။ အဆိုပါယားယံမှုသည် တစ်ခါတစ်ရံစူးပြီး တစ်ခါတစ်ရံမခံမရပ်နိုင်အောင် ဖြစ်သောကြောင့် ဖော်ပြရန်ခက်ခဲပေသည်။

ရှလေသည် သူနာပြုကို ခေါ်သော်လည်း မည်သူမှ သူ့ကို မတုံ့ပြန်ကြပေ။ သူ၏ အိပ်ရာပေါ်မှ အချက်ပေးသည့်ခလုတ်ကို ရှာ‌ဖွေပြီး နှိပ်လိုက်သော်လည်း ၎င်းသည် ပျက်စီးနေပြီဖြစ်သည်။

"ဆိုးလိုက်တဲ့ကံ၊ ငါ ဘယ်အချိန်ထိ ကံဆိုးနေဦးမှာလဲ။ .ဒီ ဆေးရုံက ဘယ်လောက်တောင် ဆိုးရွားလိုက်တဲ့ ဆေးရုံလဲ"

ရှလေ စိတ်ဓာတ်ကျသွားသည်။ သူသည် အိပ်ယာထဲမှ တွားသွားထပြီး ဂရုတစိုက်ဖြင့် တံခါးဆီသို့ လမ်းလျှောက်လာသည်။

သူသည် သူနာပြုဆောင်ကိုသွားမည်ဟု ကြံရွယ်ထားသော်လည်း တံခါးနားသို့ ရောက်သည့်အခါ၌ ရပ်လိုက်သည်။

"ဒီက ဆရာဝန်တွေနဲ့ သူနာပြုတွေက ငါ့ကို ငမွဲမှန်းသိတယ်။အဿပြာဆရာဝန်တွေက သန်းခေါင်ကျော်အချိန်ကြီး ငါ့ရဲ့ ဒဏ်ရာတွေကို ကြည့်ပေးချင်ကြမှာ မဟုတ်ဘူး။ ခဏနေရင် ငါ့ရဲ့ ဒဏ်ရာလည်း သက်သာသွားလောက်မှာပါ"

ရှလေသည် သူ၏ အတွေးများနှင့်အတူ ကုတင်ဘက်သို့ ပြန်လှည့်လာခဲ့သည်။

သန့်စင်ခန်းတံခါးမှာ ပွင့်နေသဖြင့် သူသည် အတွင်းမှန်ကို အမှတ်မဲ့ လှမ်းမြင်လိုက်ရသည်။

သူ၏ ရုပ်ရည်မှာ အတော်လေးချောမောသည်။ တစ်ရာ့ရှစ်ဆယ်စင်တီမီတာရှိသော သူ၏ အရပ်အမောင်းမှာ ခန့်ညားသည့်အသွင် ရှိသည်။ သူ၏ ခန္ဓာကိုယ်သည်လည်း တောင့်တင်းကျစ်လစ်ကာ တက်ကြွဖျတ်လတ်သည့် လူငယ်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ သို့သော် ကံမကောင်းစွာပင် ၎င်းသည် သူ၏အတိတ်သာ ဖြစ်သွားပြီ ဖြစ်သည်။ သူ၏မျက်လုံး တစ်ဖက်ကန်းသွားသောကြောင့် ဘဝတွင် အမာရွတ်ကြီး ကျန်နေတော့မည်ဖြစ်သည်။ ထိုအခါ အမျိုးသမီးများသည် သူ့အား ဝေးဝေးက ရှောင်ကြလိမ့်မည်သာ။

ရှလေသည် အိမ်သာထဲဝင်လာခဲ့ပြီး မှန်ရှေ့၌ တည့်တည့်ရပ်လိုက်သည်။ ထို့နောက် သူသည် ပတ်တီးများကို တစ်ပတ်ပြီးတစ်ပတ် ဖြေလိုက်သည်။ ပတ်တီးများအားလုံး ဖြေပြီးသွားသည့်အခါ သူမြင်ရသည့် အရာကြောင့် အတော်လေး အံ့အားသင့်သွားသည်။

သူ၏ဘယ်ဘက်မျက်လုံးကို ထူထပ်သော အဖြူရောင်လိမ်းဆေးဆီများ ဖုံးအုပ်‌နေခဲ့သည်။ သို့သော် ထိုဖုံးအုပ်နေသော လိမ်းဆေးဆီများကို ဖြတ်ကာ မှိန်ပြပြအလင်းရောင်ကို ဘယ်ဘက်မျက်လုံး၌ မြင်တွေ့နေရသည်ဟု သူ ခံစားနေမိသည်။

" ဘယ်လို...ဘယ်လိုဖြစ်တာလဲ."

ရှလေ အသက်ရှုပင် ရပ်တန့်သွားသည်။

သူ၏ ဘယ်ဘက်မျက်လုံးသည် ဒဏ်ရာမရခင်တုန်းကဆိုလျင်ပင် ထိုသို့ အဖြူရောင်လိမ်းဆေးဆီကို ဖြတ်ကျော်၍ အလင်းရောင်ကို မြင်တွေ့နိုင်ခြင်း မရှိပါ။ သို့သော် ယခုအခါ ဘယ်ဘက်မျက်လုံးသည် လင်းရောင်ကို မှိန်ပြပြကို မြင်တွေ့နေရလေသည်။

ဘာတွေဖြစ်နေတာလဲ။

Next>>